တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာရှိတဲ့ လုပ်ငန်းတွေမှာ လူသားပုံတူစက်ရုပ်တွေ စတင်လည်ပတ်နေပြီဖြစ်ကြောင်း Discover သတင်းမှာ ရေးသားထားပါတယ်။ တရုတ် စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ လုပ်ငန်း တွေမှာ လုပ်သားအင်အားတွေထက် စက်ရုပ်တွေကို ပိုမိုအသုံးပြုမှာဖြစ်ပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ လုပ်သားတွေနေရာမှာ စက်ရုပ်တွေကို အစားထိုးအသုံးပြုနေတာ တွေ့ရပါတယ်။
တရုတ်စက်ရုပ်ကုမ္ပဏီတွေဟာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းဖို့ ထိပ်တန်းအဆင့်ကို ရောက်ရှိအောင် ကြိုးပမ်းနေပြီး လုပ်ခလစာမြင့်မားမှုတွေအပြင် လုပ်သားရှားပါးမှုတွေကို ဖြေရှင်းဖို့အတွက် လုပ်ငန်းခွင်တွေမှာ စက်ရုပ်တွေ ထိုးဖောက်ဝင်ရောက်မှုနှုန်းကိုလည်း အရှိန်မြှင့်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကြီးပွားတိုးတက်နေတဲ့ စက်ရုပ်ဈေးကွက်က ပြည်တွင်းဝယ်လိုအား အားကောင်းပြီး ခိုင်မာတဲ့ မူဝါဒ ပံ့ပိုးမှုဆီကို လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောကြားထားပါတယ်။