နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းဒေသကြီးတရားလွှတ်တော်နဲ့ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ၄ ယောက်ကို ခန့်အပ်လိုက်တယ်လို့ ဇူလိုင် ၃၁ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီးတရားလွှတ်တော် ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာပါ။ ခန့်အပ်လိုက်တာကတော့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်အေးအေးမော်၊ စစ်ကိုင်းတိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မိမိစိန်တို့ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါက်တာဇော်ဝင်းထွန်း၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါက်တာအောင်သီဟတို့ကိုလည်း ခန့်အပ် လိုက်တယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။