ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက်၊ မနက် ၈ နာရီ ၂၈ မိနစ်မှာ မှာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)မှာ ကွယ် လွန်သွားပြီ ဖြစ်တယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကိုယ်အလေးချိန် လျော့ကျတာ၊ အစာကောင်းစွာ မစား နိုင်တာ၊ အဖျားတက်တာ၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာတာတွေကြောင့် ဇူလိုင် ၂၄ ရက်ကစပြီး အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ တက်ရောက်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုံ့နှေးတာ နဲ့ အစာအာဟာရ စားသုံး နိုင်မှု အားနည်းလာတာတွေ စတင် ခံစားခဲ့ရတဲ့အတွက် အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှု အဖွဲ့က ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ကျန်းမာရေး စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေး တုံ့ဆိုင်းတဲ့ရောဂါ (Parkinson’s Disease) နဲ့ ဆက်စပ် ဖြစ်ပေါ်တဲ့ အာရုံကြော အားနည်းရောဂါတွေကို ခံစားနေရတာ တွေ့ရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ အတွင်းက စင်ကာပူနိုင်ငံ နဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ်(၂) တပ်မတော်ဆေးရုံကြီးမှာ ဆေး ကုသမှု ခံယူခဲ့ရ ပါတယ်။ဆေးရုံဆင်းပြီးနောက်မှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမော က္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့က ကျန်းမာရေး စစ်ဆေး ကုသမှုတွေ ဆက် လက် ပြုလုပ်ခဲ့ပေမဲ့ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လာတာ မရှိလို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစပြီး နေအိမ်မှာ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှု ဆက်လက်ခံယူခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ယာယီသမ္မတ တာဝန်ဝတ္တရား တွေကို တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က လက်မှတ် ရေးထိုး လွှဲပြောင်း ပေးခဲ့ပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၇၅ နှစ် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ယာယီသမ္မတ ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် ဗိုလ်လောင်သင်တန်း အပတ်စဉ် (၁၅) ဆင်းဖြစ်ပြီး တပ်မတော်မှာ အမှတ် (၁၁) ခြေမြန်တပ်မမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မ တော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ စစ်ထောက်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ် စစ် ဘက်ဆိုင်ရာ ရာထူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နဲ့ အနားယူခဲ့ပါတယ်။တပ်မတော်က အနားယူပြီးနောက် ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယသမ္မတ (၁) နဲ့ ယာယီ သမ္မတ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။




