ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၉ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက အူလန်အူဒယ်မြိုမှာ ရှိတဲ့ Ulan-Ude LVRZ မီးရထား စက်ခေါင်း နဲ့ ရထားတွဲ ပြုပြင်ရေးစက်ရုံကို သွားရောက်ကြည့်ရှု လေ့လာပါတယ်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲကို စက်ရုံ တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပါတယ်။အဲဒီနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဟာ စက်ရုံအတွင်း လေ့လာကြည့်ရှုပါတယ်။လေ့လာရာမှာတော့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် နဲ့ ဒုတိယဝန်ကြီးတွေ ၊ တပ်မတော်က အရာရှိကြီးတွေ နဲ့ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း တို လိုက်ပါလာကြပါတယ်။Ulan-Ude LVRZ မီးရထား စက်ခေါင်း နဲ့ ရထားတွဲ ပြုပြင်ရေး စက်ရုံဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး စက်ခေါင်းနဲ့ ရထား ပြုပြင်ရေး စက်ရုံ ဖြစ်ပြီး ဘူရားတီးရား ပြည်နယ်ရဲ့ ထင်ရှားကျော် ကြားတဲ့ စက်မှုလုပ်ငန်း ဖြစ်ပါတယ်။

စက်ရုံကိုတော့ ၁၉၃၄ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တစ်နှစ်ကို စက်ခေါင်း အရေအတွက် ၉၅၀ ထုတ်လုပ်နေတယ်လို သိရပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄)ခုနှစ်အတွင်း Ulan-Ude LVRZ စက်ရုံကနေ လျှပ်စစ် စက်ခေါင်း ၁၀၀၀ ကျော်ကို ပြုပြင်ပေးနိုင်ခဲ့တယ်လိုလည်း စက်ရုံရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဟာ ဘယ်လာရုစ်သမ္မတနိုင်ငံက တစ်ဆင့် ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ် အကြီးအကဲရဲ့ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်ကို ရောက်ရှိနေတာဖြစ်ပြီး အထင်ကရ နေရာတွေ နဲ့ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်လေ့လာ ကြည့်ရှုနေတာပါ။ဘူရားတီးရား ပြည်နယ်ဟာ စက်မှုလက်မှုလုပ်ငန်းတွေ ထွန်းကားပြီး လေယာဉ်၊ ရဟတ်ယာဉ်တွေကို အစအဆုံးထုတ်လုပ်နိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေတည်ရှိတဲ့ စက်မှုလုပ်ငန်းထွန်းကားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၅ ရာခိုင်နှုန်းလောက် ရှိပြီး ဘူရားတီးရား ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်မှု အများဆုံး ပြည်နယ် တစ်ခုလည်း ဖြစ်ပါတယ်။