လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ ၊၁၈ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်မှာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဒုတိယဥက္ကဋ္ဌ(၁)၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

အဲ့ဒီကော်မရှင်မှာ စုစုပေါင်း ၁၇ ယောက် ပါဝင်ပြီး ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။