တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး ရှေ့ဆက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ၃၀ရင်မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကိုပေးပို့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။
နစကအနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး နှစ်ဖက်ဆွေးနွေးချက်တွေက ရရှိလာတဲ့ သဘောထားမှတ်ချက်တွေကိုလည်း နောင်လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ အတည်ပြုနိုင်ဖို့ မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတော်မှာလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝနိးအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။