ယာယီနေရပ်စွန့်ခွာပြီး မုံရွာခရိုင်အတွင်း လာရောက်နေထိုင်သူ လေးထောင့်ရှစ်ရာကျော်အတွက် APTERR အစီ အစဉ်နဲ့ ဆန်အိတ် နှစ်ထောင်ကျော် ပေးအပ်လှူဒါန်းခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါ တယ်။ အဲဒီ ဆန်လှူဒါန်းတဲ့ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန အောင်သလ္လာ ခန်းမမှာ ကျင်းပခဲ့တာပါ။
အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်နဲ့ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေက လှူဒါန်း ထားတဲ့ ဆန်အိတ်တွေကို မုံရွာခရိုင်အတွင်းရှိ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတွေမှာ အကြောင်းမျိုးမျိုး ကြောင့် ယာယီနေရပ်စွန့်ခွာပြီး လာရောက်နေထိုင်သူတွေကို လှူဒါန်းတာ ဖြစ်ပါတယ်။
လှူဒါန်းတဲ့ ဆန်အိတ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မုံရွာခရိုင်စီမံအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနဲ့ တာဝန်ရှိသူတွေက မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ၄၈၈၆ ယောက်အတွက် ဆန်အိတ်ပေါင်း ၂၆၇၅ အိတ်ကို တာဝန်ရှိသူတွေဆီ အသီးသီးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။