ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အဆင့်မြင့် Night Market ကို လာမယ့်၂၀၂၅ ခုနှစ် နှစ်အစပိုင်း လောက်မှာ အမြန်ဆုံး အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ တာချီလိတ်မြို့ မှာနေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
တာချီလိတ်မြို့မှာ ဖွင့်လှစ်မယ့် Night market မှာ ဘယ်သူမဆို လာရောက်သီချင်းဆိုလို့ရနိုင်တဲ့ စတိတ်စင် တွေလည်း ပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံက Night Market ပုံစံလို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ တာချီလိတ်မြို့ခံ တစ်ယောက်က ပြောပါတယ်။ Night market မှာ ၈ ပေ ၁၀ ပေလောက်ရှိတဲ့ ဆိုင်ခန်းပေါင်း အခန်း ၁၆၀ လောက် ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး အဲဒီဆိုင်ခန်းမှာ ရောင်းချမယ့်ဈေးသည်တွေကိုလည်း အစည်းအဝေးခေါ်ယူကာ စနစ်တကျဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုလို Night market ဖွင့်ပြီးရင်တော့ တစ်နေရာတည်းမှာပဲ စုံစုံလင်လင် ဝယ်ယူစားသောက်လို့ ရနိုင်မှာဖြစ်ပြီး ရောင်းချမယ့်ဈေးသည်တွေကိုလည်း သတ်မှတ်ထားတဲ့နေရာမှာပဲ စနစ်တကျရောင်းချနိုင်အောင် ဆောင်ရွက် ပေးထားမှာဖြစ်တာကြောင့် သွားရေးလာရေးအတွက်လည်း အဆင်ပြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။