သင်္ဘောသား Passport ကိုင်ဆောင်ပြီး အပျော်စီးသင်္ဘောတွေပေါ်မှာ သွားရောက်အလုပ်လုပ်ကိုင် နေကြတဲ့ အမျိုးသမီးသင်္ဘောသား ၇၀၀ ကျော်လောက် ရှိတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမား များအဖွဲ့ချုပ် MSF ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ပြောပါတယ်။ မြန်မာအမျိုးသမီးသင်္ဘောသားတွေကို အပျော်စီး ခရီးသည်တင်သင်္ဘောကိုပဲ လိုက်ခွင့်ပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်၂၀ လောက်က အပျော်စီးသင်္ဘောတွေမှာလိုက်တဲ့ မြန်မာအမျိုးသမီးသင်္ဘောသားအရေအတွက်က ၃ ယောက်လောက်ပဲ ရှိပေမယ့် အခုလက်ရှိမှာတော့ ၇၀၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ ဦးစိုးမင်းအောင်က ပြောပါတယ်။ အပျော်စီးသင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ကြမယ့် အမျိုးသမီးသင်္ဘောသားတွေ ဗဟုသုတ တိုးပွားစေဖို့ MSF က ဦးဆောင်ပြီး အသက်မွေး ဝမ်းကျောင်းဆိုင်ရာဟောပြောပွဲတစ်ခုကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အမျိုးသားသင်္ဘောသားတွေအနေနဲ့ သင်္ဘောပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်လို့ MSF ကို တိုင်ကြားထားတဲ့ အမှုပေါင်းက ၂၀၀ ကျော်ရှိပြီး အမှုပေါင်း ၄၀ ကျော်လောက် ဖြေရှင်းပေးဖို့ ကျန်နေသေး တယ်လို့ သိရပါတယ်။