ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ကုလားဝဲတိုးဂိတ်အနီးမှာ အထည်ချုပ် စက်ရုံဖယ်ရီကားနဲ့ ဆီဘောက် ဆာယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ ၉ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ လောကအလင်း လူမှုကူညီ ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်၊၊

ဩဂုတ် ၁၉ ရက် မနက် ၇ နာရီအချိန်လောက်က ကုလားဝဲတံတားတိုးဂိတ်အနီး သန်လျင်ဘက်အခြမ်းမှာ ရပ်ထား တဲ့ ဆီဘောက်ဆာယာဉ်ကို ရန်ကုန်ဘက်ကိုသွားမယ့် အထည်ချုပ်စက်ရုံဖယ်ရီကားက ဘရိတ်ပေါက်ပြီး ဝင်ရောက်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီလိုတိုက်မိရာတာကြောင့် လမ်းဘေးမှာ ပလုံကောက်နေတဲ့ အမျိုးသားတစ်ယောက်ကိုပါ ဝင်ရောက်တိုက်မိ ခဲ့ပြီး အထည်ချုပ်ကားပေါ်ပါ လူ ၈ ယောက်နဲ့ စုစုပေါင်း ၉ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းကယာဉ်နဲ့ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊