ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရေယာဥ်ဟာ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ဆီကန်ကနေ ဆီထုတ်နေချိန် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊

ဇန်နဝါရီလ ၂ ရက် မနက် ၁၀ နာရီအချိန်လောက်က ဆင်မလိုက်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရန်ကုန်-ကော့သောင်း ပြေးဆွဲနေတဲ့ ရေယာဉ်တစ်စင်းဟာ ဆီထုတ်နေချိန် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊ မီးလောင်ပေါက်ကွဲမှုကြောင့် သင်္ဘောသား အင်ဂျင်နီယာတစ်ယောက် သေဆုံးခဲ့ပြီး အခြားအမျိုးသား ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်၊၊လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူ တွေဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်၊၊