ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်ရှိကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ် ဖြစ်တဲ့အတွက် အထူးကြပ်မတ် ကုသမှု ခံယူနေရတယ်လို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျတာ အစာကောင်းစွာ မစားနိုင်တာ အဖျားတက်တာ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတိုကြောင့် ဇူလိုင် ၂၄ ရက်က အမှတ် ၂ တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ထပ်မံ ဆေးရုံ တက်ရောက်ကုသမှု ခံယူခဲ့ရတယ်လို ဆိုပါတယ်။ရောဂါစစ်ဆေးချက်တွေအရ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်ရှိ အခြေအနေမှာ အထူးစိုးရိမ်ဖွယ် အခြေအနေ ဖြစ်လို အမှတ် ၂ တပ်မတော်ဆေးရုံကြ ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်မှာ အထူးကြပ်မတ်ကုသမှု ခံယူနေရတယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။ယာယီ သမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုန့်နှေးတာ နဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာခြင်း တိုကြိ စတင် ခံစားခဲ့ရတဲ့အတွက် အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှု အဖွဲက ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး စစ်ဆေးချက်တွေအရ အာရုံကြော တွေ နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါ နဲ့ ဆက်စပ် ဖြစ်ပေါ်တဲ့ အာရုံကြော အားနည်းရောဂါတိုကို ခံစားနေရတာကို တွေ့ရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက စင်ကာပူနိုင်ငံ နဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်ထိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ဆေးကုသမှု ခံယူ ခဲ့ရတာ ဖြစ်ပါတယ်။ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေ ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီူ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်တဲ့ အထူးဆေးကုသမှု အဖွဲက ကျန်းမာရေး စစ်ဆေးကုသမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် ယာယီသမ္မတ ဦးမြင့်ဆွေ ရဲ့ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လာတာ မရှိလို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က စပြီး နေအိမ်မှာ ဆေးခွင့်နဲ့ အနားယူပြီး ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ရတယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဒါ့အပြင် ယာယီသမ္မတ ဦးမြင့်ဆွေ ရဲ့ကျန်းမာရေး အခြေအနေမှာ အခု နှစ် ဇူလိုင်လအတွင်း အထူးစိုးရိမ်ဖွယ် ဖြစ် လာတဲ့အတွက် အထူးကြပ်မတ် ကုသမှု ခံယူနေရတာ ဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။