မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြီးမှူးကျင်းပတဲ့ “ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ” တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်စုစည်းမှု စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်၊၊အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ တွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ တရုတ်သံရုံးက တာဝန်ရှိသူတွေ၊ ချစ်ကြည်ရေး ဇာတ်လမ်းပုံပြင်တွေကို ရေးသားပေးပို့ကြတဲ့ ရေးသားပြုစုသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်၊၊

ရှေးဦးစွာ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ကြူးထားတဲ့ သမိုင်းပုံရိပ် မှတ်တမ်းဗီဒီယို ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက အဖွင့်အမှာစကား ပြောကြား ပါတယ်၊၊အဲဒီနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားပြီး တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက LED ဖန်သားပြင်မှာ စက်ခလုတ် နှိပ်ကာ “ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ” စာအုပ်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်၊၊ဆက်လက်ပြီး ချစ်ကြည်ရေးဇာတ်လမ်းပုံပြင်တွေကို ရေးသားပေးပို့ကြတဲ့ နယ်ပယ်စုံက စာပေရေးသားသူတွေနဲ့ ဘာသာစကားကျွမ်းကျင်ပညာရှင်တွေအတွက် မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့ ရေသားပေးပို့သူတွေကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူတွေက မိတ်ဆက်ပြောကြားပေးကြပါတယ်၊၊

အဲဒီနောက် ချစ်ကြည်ရေးဇာတ်လမ်းပုံပြင်တွေကို ရေးသားပြုစုပေးခဲ့သူတွေထဲကနေ ရွေးချယ်ခံရသူတွေကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြပါတယ်။အခုမိတ်ဆက်တဲ့ စာအုပ်မှာ တရုတ်-မြန်မာနှစ်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက ချစ်ကြည်ရင်းနှီးမှုဇာတ်လမ်းတွေ ကို စုစည်းကာ စာဖတ်ပရိသတ်တွေအတွက် တရုတ်-မြန်မာနှစ်ဘာသာနဲ့ ရေးသားဖော်ပြထားပြီး နှစ်နိုင်ငံပြည်သူ တွေ ရေးဖွဲ့သီကုံးထားတဲ့ ဇာတ်လမ်းပုံပြင်နဲ့ ကဗျာတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှု အကြောင်း အရာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို အတူတူလျှောက်လှမ်းကြဖို့ မျှော်လင့်မှုတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊