ချင်းပြည်သစ် ကွန်ဂရက်ပါတီရဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားချက်အပေါ် ခွင့်ပြုလိုက်တယ်လို့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နဲ့အညီ ချင်းပြည်သစ် ကွန်ဂရက်ပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက် တာဖြစ်ပြီး မှတ်ပုံတင်အမှတ်မှာ (၅၇) ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်ခွင့်ပြုပေးဖို့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီ ရှိတဲ့အထဲက ပါတီ ၁၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီတွေကို မှတ်ပုံတင် ခွင့်ပြုနိုင်ရေး ဆက်လက် စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီး ဖြစ်တဲ့အတွက် အချိန်မီ ကြိုတင် ထုတ်ပြန်ပေး သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်ပေါင်း (၂၆၇)မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားတယ်လို့လည်း ပြောကြားထားပါတယ်။