စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ဆန် မက်ထရစ်တန် ၂၂၀၀ ပေးပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။ ဒီထောက်ပံ့ကူညီမှု ဟာ မြန်မာပြည်သူ ၁၄၀,၀၀၀ အတွက် ရည်ရွယ်တာဖြစ်ပြီး အဲဒီထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီး ရွယ်အိုနဲ့ မသန်းစွမ်းတွေလည်း ပါဝင်ပါတယ်။
အိန္ဒိယအစိုးရက ပေးပို့လိုက်တဲ့ ဆန်တန်ချိန် ၂၂၀၀ ကို ရန်ကုန်ဆိပ်ကမ်းမှာ ဒီဇင်ဘာ ၁၂ ရက်က လွှဲပြောင်းပေး အပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ၊ ပဋိပက္ခ ဖြစ်ပွားမှုတွေကို လက်ရှိမှာ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း တိုင်ဖွန်း မုန်တိုင်း ရာဂီ ကျရောက်ခဲ့မှုကြောင့် ဆန် ၅၃ တန်အထိ အိန္ဒိယအစိုးရက ထောက်ပံ့ခဲ့ပါသေးတယ်။
အိန္ဒိယအစိုးရအနေနဲ့ မြန်မာကို အခုလိုထောက်ပံ့ကူညီတာဟာ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာစေဖို့ အပြင် နောင်နှစ်များစွာလက်တွဲရမယ့်ဆက်ဆံရေးတွေကို အလေးထားကာ အခုလိုပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ပြောကြားထားပါတယ်။