ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့မှာ မေလ ၂၉ ရက် ညနေပိုင်းက ကလေးတစ်ဦး ရေဆင်းကူးရာကနေ ရေနစ် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ဝါးခယ်မမြို့၊ စာရေးကုန်းရပ်ကွက်၊ သကျမဟာ သီရိဘုရားကြီးဝင်း မင်းကျောင်းစာသင်တိုက်ရှေ့က လိပ်ကန်မှာ ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်၊၊သေဆုံးရုပ်အလောင်းကိုတော့ ဘက်စုံ စုပေါင်းကွန်ရက်က လူနာတင်ယာဉ်နဲ့ ဝါးခယ်မမြို့နယ် ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊