ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖြုတ်ချပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံးအကြိမ်အနေနဲ့ လာမယ့် ၂၀၂၆ ဖေဖော်ဝါရီလမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ အတိုင်ပင်ခံချုပ် မိုဟာမက်ယူနွတ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားသွားခဲ့တာကို China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။

ကြားဖြတ်အစိုးရကိုယ်စား နောက်နှစ်ဥပုသ်လမတိုင်ခင်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဆီ ကျွန်တော် စာရေးပြီး တင်ပြသွားမှာပါ။ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ခံအစိုးရလက်ထဲကို အာဏာအပ်နှင်း ချိန်တန်ပါပြီလို့လည်း ယူနွတ်က ပြောကြားသွားပါတယ်။စီးပွားရေးပါရဂူတစ်ယောက်ဖြစ်သူ ယူနွတ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၈ ရက်က ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။




