ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်ထဲမှာ စက်တင်ဘာ ၃၀ ရက် ညပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၇၂ ယောက်အထိ ရှိလာလာတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ပြင်းအား ၆ ဒသမ ၉ ရှိတဲ့ငလျင်ဟာ ဖိလစ်ပိုင် ဒေသစံတော်ချိန် ည ၁၀ နာရီမတိုင်ခင်လေးမှာပဲ စီဘူးကမ်းလွန်ကို ဗဟိုပြု လုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စီဘူးပြည်နယ်အာဏာပိုင်တွေကတော့ ငလျင်ဒဏ်သင့်ဒေသတွေကို အကူ အညီရောက်အောင်နဲ့ လျှပ်စစ်မီးပြန်ရအောင် ကြိုးပမ်းနေချိန်ပြီး ကပ်ဘေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်တာကြောင့် ငလျင်မှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံတွေရဲ့အပြင်ဘက်မှာပဲ ကုသမှုပေးနေရတယ်လို့ သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း အကြိမ် ၆၀၀ ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်မီးတောင်အခြေစောင့်ကြည့်ရေး အေဂျင်စီက ပြောပါတယ်။




