အီရန်အစိုးရဟာ ပြည်သူတွေကို စမတ်ဖုန်းတွေထဲကနေ WhatApp အက်ပလီကေးရှင်းကို ဖျက်ပစ်ဖို့ အစိုးရပိုင် ရုပ်သံကနေ တိုက်တွန်းလိုက်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

WhatApp ဟာ အီရန်မှာ အသုံးအများဆုံး မက်ဆေ့ချ်ပို့တဲ့ အက်ပ်ဖြစ်ပြီး အဲဒီအက်ပ်က သုံးစွဲသူတွေရဲ့ ဒေတာ တွေကို စုဆောင်းကာ အစ္စရေးဘက်ကို ပို့နေတယ်ဆိုပြီးတော့ အီရန်ဘက်က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ အထောက်အထား တိတိကျကျတော့ မရှိပါဘူး။ WhatApp ဟာ End-to-end encryption နည်းပညာကို အသုံးပြုထားတဲ့ အက်ပ် ဖြစ်ပါတယ်။ အဲဒီနည်းပညာဟာ မက်ဆေ့ချ်တွေကို ကုဒ်တွေ နဲ့ ဝှက်ထားပြီး ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီအနေနဲ့ ကြားကနေ ဝင်ဖတ်လို့မရဘဲ ပို့သူနဲ့ လက်ခံသူသာ ဖတ်ရှုနိုင်တဲ့ နည်းပညာပါ။

အသုံးပြုသူတွေက မိမိတို့ဝန်ဆောင်မှုကို အလိုအပ်ဆုံးဖြစ်နေတဲ့အချိန်မှာ သတင်းအမှားတွေကြောင့် အက်ပ်ကို ပိတ်ချလိုက်မှာကို စိုးရိမ်မိကြောင်း၊ မိမိတို့အနေနဲ့ လူတွေရဲ့နေရာကို ခြေခံရာတာမျိုး၊ မက်ဆေ့ချ်အဝင်အထွက်ကို စစ်ဆေးနေတာမျိုး၊ အချင်းချင်းပို့နေတဲ့ ကိုယ်ရေး ကိုယ်တာ မက်ဆေ့ချ်တွေကို ခြေရာခံတာမျိုးမလုပ်ကြောင်း၊ ပြီးတော့ ဘယ်အစိုးရကိုမှ သတင်းအချက်အလက်တွေ ပံ့ပိုးပေးတာမျိုးမရှိကြောင်း Whatsapp ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။