အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း သေဆုံးခဲ့သူ စစ်တပ်ခေါင်းဆောင်တွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေအတွက် နိုင်ငံတော်အဆင့် ဈာပနကို မနေ့က ဇွန်လ ၂၈ ရက်မှာ အီရန်က ကျင်းပခဲ့ပါတယ်။

အီရန်တော်လှန်ရေး အစောင့်တပ်ရဲ့ တပ်မှူး ဟိုစိန်ဆလာမီအပါအဝင် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အီရန် စစ်ဘက်ခေါင်းဆောင်တွေနဲ့ သိပ္ပံပညာရှင် ၆၀ လောက်အတွက် ဈာပနပွဲ ပြုလုပ်တာပါ။ဒီဈာပနအခမ်းအနားကို အီရန်ပြည်သူ အများအပြား တက်ရောက်ခဲ့ပြီး အစိုးရရုံးတွေကိုလည်း မနေ့က ပိတ်ပေးခဲ့ပါတယ်။

ဒီအခမ်းအနားကို အီရန်သမ္မတနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ချီအပါအဝင် အီရန်အစိုးရ တာဝန်ရှိသူ အများအပြားတက်ရောက်ခဲ့ပြီး အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီကတော့ လက်ရှိအချိန်အထိ လူမြင်ကွင်းကို ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်မှာ လူပေါင်း ၆၂၇ ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာတော့ ၂၈ ဦး သေဆုံးခဲ့တယ်လို နှစ်နိုင်ငံ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။