အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ အီရန်ခေါင်းဆောင် အာယာတိုလာ အာလီ ခါမေနီ၊ အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး Mohammad Pakpour ၊ ကာကွယ်ရေးဝန်ကြီး Aziz Nasirzadeh နဲ့ လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ali Shamkhani တို့ သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အီရန် အရာရှိ စုစုပေါင်း ၄၀ လောက် သေဆုံးခဲ့တယ်လို့ ထောက်လှမ်းရေးနဲ့ စစ်ဘက်ဆိုင်ရာ သတင်း ရင်းမြစ်တွေက ပြောပါတယ်။ ဒီ အရာရှိတွေဟာ တစ်နေရာတည်း စုဝေးနေချိန် တိုက်ခိုက်ခံရတာလား ဒါမှမဟုတ် နေရာ အနှံအပြား မှာ တိုက်ခိုက်ခံရတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။




