အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို အစ္စရေးနဲ့ အမေရိကန်တို့က လုပ်ကြံသတ်ပစ်နိုင်ခြေကို ဆွေးနွေးဖို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၈ ရက်နေ့မှာ ငြင်းဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ လက်ရှိ အီရန်မှာ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်တွေ ရှုပ်ထွေးတာနဲ့ ကြုံနေရတယ်။

နိုင်ငံရဲ့ နိုင်ငံရေး ဦးဆောင် မှုပိုင်းမှာ လူ့အဖွဲ့အစည်းတွေ စုစည်းမှု ရှိနေတာကို တွေ့နေရပါတယ်” လို့ ရုရှားသမ္မတက ပြောပါတယ်။ ဒါ့ကြောင့် အီရန်ခေါင်းဆောင်ကို အစ္စရေးနဲ့အမေရိကန် လုပ်ကြံမယ့်အရေးနဲ့ပတ်သက်လို့ “ ဒီဖြစ်နိုင်ခြေကို ကျွန်တော် မဆွေး နွေးချင်ပါဘူး။ ကျွန်တော် မပြောချင်ပါဘူးလို့ ငြင်းဆိုခဲ့တာပါ။ ဒါ့အပြင် နှစ်ဖက်စလုံးက အီရန်ရဲ့ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင်နဲ့ အစ္စရေးရဲ့ ခြွင်းချက်မရှိ လုံခြုံရေးဆိုင်ရာအခွင့်အရေးတွေကို အာမခံတဲ့ နည်းလမ်းနဲ့ ရန်လိုမှုတွေကို အဆုံးသတ်ဖို့ နည်းလမ်းတွေ ရှာဖွေသင့်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတထရမ့်က ခါမေနီ ပုန်းအောင်းနေတဲ့နေရာကို သိပေမဲ့ ဝါရှင်တန်က သူ့ကို သတ်မှာ မဟုတ်ဘူး လို့ ပြောဆိုထားသလို အစ္စရေးဝန်ကြီးချုပ်ကလည်း အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုတွေက အီရန်မှာ အစိုးရ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။အမေရိကန် အကူအညီယူပြီး ခါမေနီကို အစ္စရေးက သတ်ပစ်ခဲ့ရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။