ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက် မနက်အစောပိုင်းကနေ လက်ရှိအချိန်ထိ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၈၅ ဦး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အယ်လ်ဂျားဇီးယားသတင်းမှာ ဖော်ပြပါတယ်။

အစ္စရေးဟာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ပြုလုပ်နေပြီး အသေအပျောက်နှုန်းကလည်း ဆက်တိုးလာနေတယ်လို့ ဆိုပါတယ်။ဒီနေ့ မေလ ၂၃ ရက် မနက်အစောပိုင်းမှာ အစ္စရေးက ဂါဇာမြောက်ပိုင်းက လူနေအိမ်တစ်လုံးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ဂါဇာအလယ်ပိုင်းမှာလည်း အစ္စရေးဒရုန်းတစ်စီးနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ဒါ့အပြင် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ဂါဇာမှာ အစာရေစာငတ်မွတ်မှုကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ၂၉ ဦးအထိ သေဆုံးခဲ့တယ်လို့ ပြောထားပြီး နောက်ထပ် လူ ထောင်နဲ့ချီ အန္တရာယ်ရှိနေတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း လခြမ်းနီအသင်း ဥက္ကဋ္ဌက ပါလက်စတိုင်း အများအပြားဟာ လက်ရှိအထိ ဘာထောက်ပံ့ရေးပစ္စည်းမှ မရသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အစ္စရေးရဲ့ ဂါဇာကမ်းမြောင်စစ်ပွဲ စတင်ချိန်ကစလို့ ပါလက်စတိုင်း အနည်းဆုံး ၆၁၇၀၀ ဝန်းကျင် သေဆုံးပြီး ၁၂၁,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။