အစ္စရေးနဲ့ဆီးရီးယား နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တင်းမာမှုတွေ ပြေလျော့စေဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ သက်တမ်းရှည် ရန်သူနှစ်ဦးကြား နယ်စပ်ဒေသမှာ ပဋိပက္ခကို တားဆီးဖို့ ရည်ရွယ်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်သူ ငါးယောက်က ပြောပါတယ်။

ဆွေးနွေးမှုအတွင်း အစ္စရေးက ဗုံးကြဲ တိုက်ခိုက်တာတွေကို ဖြေလျှော့ပေးကာ အရှေ့အလယ်ပိုင်းမှာ ဆယ်စုနှစ်များစွာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဆက်ဆံရေးအတွက် သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ဆီးရီးယားခေါင်းဆောင်တွေဟာ ဆီးရီးယားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ရီပတ်ဘလစ်ကန်ရဲ့ အချုပ်အခြာ အာဏာနဲ့ စည်းလုံးညီညွတ်ရေးကို ဥပဒေနဲ့အညီ ကာကွယ်ဖို့လိုအပ်တဲ့ အစီအမံအားလုံးကို ဆက်လက် လုပ်ဆောင်နေပါတယ်လို့ ဆီးရီးယား အာဏာပိုင်တွေက ပြောကြားထားပါတယ်။