မေလ ၂၀ ရက်က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက် စတိုင်း ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ဆေးပညာရှင်တွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးနဲ့ ကာတာတို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကလည်း ရပ်တန့်သွားပုံရပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာမှာ စစ်ဆင်ရေးအသစ်တွေ တိုးချဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဂါဇာမှာအစ္စရေးက ကယ်ဆယ်ရေးပစ္စည်းတွေ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းဖို့ နိုင်ငံတကာဖိအားတွေ ရှိပေမဲ့ ဂါဇာ တစ်ခုလုံးကို ထိန်းချုပ်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က မေလ ၁၉ ရက်က ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ မေလ ၁၆ ရက်က အစ္စရေးက စစ်ဆင်ရေးသစ်တွေစတင်ခဲ့ပြီး တောင်ပိုင်း ခန်းယူနစ်ကိုလည်း တိုက်ခိုက် မှုအသစ်တွေ စတင်ခဲ့တာကြောင့် ဘေးကင်းရာကို အမြန်ဆုံးပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် ဖမ်းဆီးထားဆဲ ဓားစာခံ ၅၈ ယောက်ကို ပြန်လွှတ်ပေးရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ကို သုတ်သင်ရှင်းလင်းရေးအတွက် အစ္စရေးဘက်က အပြည့်အဝ အောင်ပွဲရရှိအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ နေတန်ယာဟုက ပြောကြားထားပါတယ်။