အသိမ်းပိုက်ခံ အနောက်ကမ်းကို မေလ ၁၅ ရက်က အစ္စရေးရဲ့ဝင်ရောက်စီးနင်း ဖြိုခွင်းစဉ်အတွင်း ပါလက်စတိုင်း စစ်သွေးကြွ ၅ ယောက် သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ပါရှိတာကြောင့် အစ္စရေးတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

မေလ ၁၅ ရက်က စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းစစ်သွေးကြွ ၅ ယောက်သေဆုံးခဲ့တဲ့အပြင် အကြမ်း ဖက်သမား ၅ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။အနောက်ဘက်ကမ်းကို အစ္စရေးစစ်သားတွေက ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပါလက်စတိုင်းဘက်ကတော့ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်မှုဖြစ်ပွားရာ အဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။