ယီမင်နိုင်ငံရဲ့မြို့တော် ဆာနာနဲ့ မြောက်ပိုင်းပြည်နယ် အယ်လ်ဂျော်ဖ်တို့ကို စက်တင်ဘာ ၁၁ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၄၆ ယောက် သေဆုံးပြီး ၁၆၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဟူသီကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာစစ်ပွဲဖြစ်ပွားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးနဲ့ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တို့ အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကလည်း အကြီးတန်းအရာရှိတွေကို ပစ်မှတ်ထားပြီး အစ္စရေးက ဆာနာကို တိုက်ခိုက်ခဲ့ရာမှာ ဟူသီအစိုးရနဲ့ ဝန်ကြီး အများ အပြား သေဆုံးခဲ့ပါတယ်။အစ္စရေးစစ်တပ်ကတော့ အစ္စရေးနိုင်ငံအပေါ် ဟူသီအကြမ်းဖက်အဖွဲ့က ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန် တဲ့အနေနဲ့ တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။




