အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး ဒီတိုက်ခိုက်မှုကြောင့် မပြီးဆုံးနိုင်တဲ့ ထာဝရအကျိုးဆက်တွေ ရှိလာမယ်လို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ျချီက သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုအပြီးမှာ အာရက်ဂ်ျချီက X ပလက်ဖောင်းမှာ ရေးသားခဲ့တာဖြစ်ပြီး အီရန်အနေနဲ့ မိမိတိုရဲ့ အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနဲ့ ပြည်သူတွေကို ခုခံကာကွယ်ဖို ရွေးချယ်စရာတွေအကုန် ကိုင်ထားတယ်လို ဆိုပါတယ်။အီရန်ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တွေကို တိုက်ခိုက်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲဝင်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ နိုင်ငံတကာဥပဒေတွေနဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာလို အာရက်ဂျ်ချီက ပြောပါတယ်။

အီရန်ထိပ်တန်း ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံပြန်ပြောဆိုတာ မရှိသေးပါဘူး။အီရန်အနုမြူစွမ်းအင်အေဂျင်စီက မိမိတိုရဲ့ နျူကလီးယားအစီအစဉ်တွေကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို ကတိပြုထားပြီး အီရန်မီဒီယာတွေကလည်း ထရမ့်ပြောသလို အီရန်ရဲ့ အဓိက နျူကလီးယား စက်ရုံတွေဟာ အလုံးစုံပျက်စီးသွားတာမျိုး မရှိဘူးလို ဖော်ပြထားကြပါတယ်။