ဇီယွန်ဝါဒီ ရန်သူတွေဟာ ကြီးမားတဲ့အမှားကို ပြုလုပ်ခဲ့ပြီး ဒီအတွက် ပြစ်ဒဏ်ချခံရမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ကတိပြုလိုက်ပါတယ်။ အီရန်နျူကလီးယား အခြေစိုက်နေရာတွေကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ အီရန်ခေါင်းဆောင်က X လူမှုကွန်ရက် ပလက်ဖောင်းမှာ အခုလို ရေးသားလာတာပါ။

ဇီယွန်ဝါဒီတွေဟာ ရာဇ၀တ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီး ဒီအတွက် အပြစ်ပေးခံရ မယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။အမေရိကန်ရဲ့ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အီရန်က အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းအချို့ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားပါတယ်။တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချ်ချီဟာ လက်ရှိမှာ မော်စကိုကို ရောက်ရှိနေပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ရှိနေပါတယ်။ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချထားပါတယ်။