ဂျေရုဆလင်မြို့ဆင်ခြေဖုံးရှိ ဘတ်စကားမှတ်တိုင်မှာ စက်တင်ဘာ ၈ ရက်က ပါလက်စတိုင်း သေနတ်သမား နှစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူခြောက်ယောက် သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဂျေရုဆလင်မြို့မှာ လူအသေအပျောက် အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားပါတယ်။

အခင်းဖြစ်နေရာရှိ CCTV မှတ်တမ်းတွေအရ သေနတ်သံတွေ ထွက်ပေါ်နေချိန်မှာ ဘတ်စကားမှတ်တိုင်က လူအများအပြား ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။“ရုတ်တရက် ပစ်ခတ်သံတွေ စပြီး ကြားလိုက်ရတယ်… ဒါ့ကြောင့် အသားအကုန်ထွက်ပြေးပေမဲ့ ဒဏ်ရာရခဲ့တယ် လို့ အီစတာလူဂါစီက ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက်၊ ငါးဆယ်ကျော် အမျိုးသမီးတစ်ယောက်နဲ့ သုံးဆယ်ကျော် အမျိုးသားသုံးယောက် ပါဝင်ပါတယ်။

အခြားခြောက် ယောက်ကတော့ သေနတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြား ထားပါတယ်။အနောက်ဘက်ကမ်းမှာနေထိုင်တဲ့ ပါလက်စတိုင်းတွေဟာ လက်ရှိမှာ တင်းကျပ်တဲ့ စစ်ရေးကန့်သတ်မှုတွေနဲ့ အစ္စရေးဘက်က တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြင့် ရင်ဆိုင်နေရတာဖြစ်ပါတယ်။


