ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးဖို့ အမေရိကန် ကျောထောက်နောက်ခံပြု ဖောင်ဒေးရှင်း တစ်ခုဟာ မေလ ၂၆ ရက်က လုပ်ငန်းတွေ စတင်ခဲ့ပြီဖြစ်ကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။

ဂါဇာမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကို အဲဒီဖောင်ဒေးရှင်းက ရိက္ခာတွေကို ထရပ်ကားတွေနဲ့ ပို့ဆောင်ပေးခဲ့ တယ်လို့ ဆိုပါတယ်။ဂါဇာ လူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းက အကြီးအကဲတစ်ယောက် မထင်မှတ်ဘဲ ရာထူးကနေ နုတ်ထွက်ပြီး တစ်ရက်အကြာမှာ အရပ်သားတွေဆီ အကူအညီတွေ ဖြန့်ဝေမှု စတင်ခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးက ဂါဇာကို သုံးလနီးပါး အကူအညီပေးပို့မှု ပိတ်ဆို့ထားပြီးနောက် စားနပ်ရိက္ခာ ပြတ်လပ်ပြီး ငတ်မွတ် ခေါင်းပါးတဲ့ အခြေအနေ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးဖို့ အစ္စရေးဝန်ကြီးချုပ်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓားစာခံ ၁၀ ယောက်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရဲ့အဆိုပြုချက်ကို ဟားမတ်စ် က သဘောတူခဲ့ပေမယ့် အစ္စရေးဘက်ကတော့ ပယ်ချခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတစ်ယောက်က ပြောကြား ခဲ့ပါတယ်။