အစ္စရေးနဲ့ အမေရိကန်တို့ ထောက်ပံ့ထားတဲ့ ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း(GHF)ရဲ့ အကူအညီတွေ ဖြန့်ဖြူးရေးဌာနတစ်ခုအနီးမှာ ပါလက်စတိုင်းဒေသခံတွေ သေနတ်နဲ့ အပစ်ခံရမှု ထပ်ဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။မနေ့က ဇွန်လ ၉ ရက်က ရာဖာမှာရှိတဲ့ ဖြန့်ဖြူးရေးဌာနကို ပါလက်စတိုင်းတွေ သွားရောက်နေစဉ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာက လက်နက်ကိုင်ထားတဲ့ အရပ်သားဝတ်စုံနဲ့ ပါလက်စတိုင်းတွေပဲ ဖြစ်တယ်လို့မျက်မြင်သက် သေတွေက ပြောပါတယ်။ တချို့ကတော့ သေနတ်နဲ့ ပစ်ခတ်တဲ့အထဲမှာ လက်နက်ကိုင် ပါလက်စတိုင်းတွေအပြင် အစ္စရေးစစ်တပ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ဟားမတ်စ်အဖွဲ့ကို ဆန့်ကျင်တဲ့ ပါလက်စတိုင်း အရပ်သားအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ္စရေးဝန်ကြီးချုပ်က ဝန်ခံခဲ့ပြီးတဲ့နောက် အခုပစ်ခတ်မှု ဖြစ်ပေါ်လာတာပါ။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူ တွေဟာ မိမိတို့လို ပါလက်စတိုင်းတွေပဲ ဖြစ်နိုင်ပေမယ့် မျက်နှာတွေကို ဖုံးကွယ်ထားကြောင်းနဲ့ ဒီတိုက်ခိုက်သူတွေ ဟာ ကူညီထောက်ပံ့ရေးစင်တာက ရိက္ခာတွေကို ဒေသခံတွေဆီကနေ လုယူသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေကို ရှာဖွေနေတယ်လို့ ပြောပါ တယ်။ ဂါဇာက လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဖြူးရေးစင်တာတွေအနီးမှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ဒီဖြစ်စဉ်တွေကြောင့် ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။