ငတ်မွတ်ခေါင်းပါးမှုသတိပေးချက်ကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းဖို့ နိုင်ငံတကာ ဖိအားတွေ တိုးမြင့်လာပေမယ့် အစ္စရေးကတော့ ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ်က မေလ ၁၉ ရက်မှာ ပြောကြားလာတာကို Reuters သတင်းမှာ ရေးသားထားပါတယ်။

ဂါဇာမှာ မေလ ၁၆ ရက်က အစ္စရေးဟာ စစ်ဆင်ရေးသစ်တွေစတင်ခဲ့ပြီး တောင်ပိုင်း ခန်းယူနစ်ကိုလည်း တိုက်ခိုက် မှု အသစ်တွေ စတင်ခဲ့ပါတယ်။ မကြုံစဖူးတိုက်ခိုက်မှုအသစ်တွေကြောင့် ဘေးကင်းရာကို အမြန်ဆုံး ပြောင်းရွှေ့ခဲ့ရ တယ်လို့ ဒေသခံတွေက ပြောကြားထားပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်က ဖမ်းဆီးထားဆဲ ဓားစာခံ ၅၈ ယောက်ကို ပြန်လွှတ်ပေးရေးနဲ့ ပါလက် စတိုင်း စစ်သွေးကြွအဖွဲ့ကို သုတ်သင်ရှင်းလင်းရေးအတွက် အစ္စရေးဘက်က အပြည့်အဝ အောင်ပွဲရရှိအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နေတန်ယာဟုက ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။