ပါလက်စတိုင်းနယ်မြေအတွင်း နှစ်နှစ်နီးပါးကြာ ပျက်သုဉ်းနေတဲ့ စစ်ပွဲနဲ့ပတ်သတ်ပြီး ပြည်တွင်းပြည်ပက ဝေဖန်မှုတွေပြင်းထန်နေပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေသန်ယာဟု ကတော့ ဂါဇာဒေသအားလုံးကို စစ်ရေးအရ ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ပြောကြားကြောင်း Reuters သတင်းမှာဖေါ်ပြထားပါတယ်။

Fox News Channel ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အစ္စရေးက ဂါဇာနယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို နေတန်ယာဟုက “ ကျွန်တော်တို့က အဲဒါကို မသိမ်းချင်ဘူး။ လုံခြုံရေးရေးအရ ဆောင်ရွက်တာပါ လို့ ပြောကြားခဲ့ပါတယ်။အစ္စရေးအနေနဲ့ ဂါဇာကို သိမ်းပြီး အာရပ်တပ်ဖွဲ့တွေထံ လွှဲပြောင်းပေးလိုကြောင်းပြောကြားခဲ့ပေမယ့် အုပ်ချုပ်မှုအစီအစဥ်တွေ ဒါမှမဟုတ် အာရပ်နိုင်ငံတွေက ဘယ်လိုဆက်လက်စီမံသွားမလဲဆိုတဲ့ အသေးစိတ်ကိုတော့ နေသန်ယာဟုက ထုတ်ဖော်ပြောကြားထာတာမရှိသေးပါဘူး။

ထိန်းချုပ်လို့မရသေးတဲ့ ဂါဇာကမ်းမြောင်ဒေသကို သိမ်းယူမယ့် အစီအစဉ်တွေကို ဆန့်ကျင်ကြောင်း အစ္စရေးအရာရှိ သုံးဦးကလည်း ပြောကြားထားပါတယ်။ ပြည်တွင်းပြည်ပ စစ်ပွဲအပေါ် ဖိအားတွေ တိုးလာနေတာကြောင့် အစ္စရေးဝန်ကြီးချုပ်က ပြည်တွင်းရော ပြည်ပမှာပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသတွေကို သိမ်းယူမယ့် အစီအစဉ်တွေက ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အခြားနိုင်ငံတွေက သတိပေးထားပါတယ်။