ကာတာနိုင်ငံကို အစ္စရေးရဲ့ ဆိုးရွားစွာ တိုက်ခိုက်မှုကြောင့် အာရပ်နှင့်အစ္စလမ်မစ်နိုင်ငံတွေကရှုတ်ချကြောင်းနဲ့ နိုင်ငံအချုပ်အခြာအာဏာကိုကာကွယ်ဖိုစီမံဆောင်ရွက်ရာမှာကာတာကိုထောက်ပံ့သွားမယ်လို့ ကာတာဝန်ကြီးချုပ် ကပြောကြားကြောင်း အယ်ဂျာဇီးယား သတင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က အစ္စရေးနိုင်ငံကတိုက်ခိုက်မှုကို တုံ့ပြန်ဖို့ နိုင်ငံခေါင်းဆောင်တွေဟာ စက်တင်ဘာ ၁၅ ရက် မှာ ပြုလုပ်မယ့် အရေးပေါ်ထိပ်သီးအစည်းအဝေးမတိုင်မီ ဒိုဟာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ကာတာဝန်ကြီးချုပ်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အာရပ်အဖွဲ့ချုပ်နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ(OIC) အစည်းအဝေးကိုအခမ်းအနားမပါဘဲ ဖွင့် လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းပဋိပက္ခတွေဖြစ်ပွားနေချိန်မှာမြို့တော်ကို ကိုယ်းစားလှယ်အဖွဲ့တွေအရေး တကြီးရောက်လာတဲ့အတွက်အစည်းအဝေးကိုအလျင်အမြန်ကျင်းပခဲ့ရပါတယ်။စက်တင်ဘာ ၉ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟားမတ်အဖွဲ့ဝင် ငါးဦးနဲ့ ကာတာလုံခြုံရေးအရာ ရှိတစ်ဦးသေဆုံးခဲ့ပါတယ်။




