ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန် အထူးသံတမန် Steve Witkoff ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို အစ္စရေးက သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က မေလ ၂၉ ရက်က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တစ်စစီပြိုကွဲနေတဲ့ နယ်မြေအတွင်း စားနပ်ရိက္ခာ ထောက်ပံ့မှု ဖြန့်ဝေဖို့ အမေရိကန် ကျောထောက်နောက်ခံ ပြုထားတဲ့ အကူအညီပေးပို့ရေးစနစ်တွေ တိုးချဲ့လာတာကို လက်ခံပေးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို အစ္စရေး ဝန်ကြီးချုပ်က သဘောတူခဲ့တာလို့ ဆိုပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Karoline Leavitt ကလည်း အဲဒီအဆိုပြုချက်အပေါ် အစ္စရေးက လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝါရှင်တန်ရှိ သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။

အဆိုပြုချက်ထဲမှာ သဘောတူညီမှုအတွင်း ရက် ၇၀ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက် နေတာတွေ တစ်စိတ်တစ်ပိုင်း နုတ်ထွက်ရေးအပြင် ဖမ်းဆီးထားတဲ့ အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေ ပြန်လွှတ် ပေးဖို့ဆိုတဲ့ အချက်တွေ ပါ၀င်တယ်လို့ သိရပါတယ်။ပါလက်စတိုင်းအရာရှိတစ်ယောက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန် အထူးသံတမန် Steve Witkoff ရဲ့ အဆိုပြုချက်ကို ဟားမတ်စ်ဘက်က သဘောတူခဲ့တယ်လို့ မေလ ၂၆ ရက်က ပြောကြားထားပါတယ်။