အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန်ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကက်ရှ်မီးယားကို တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပြီးတဲ့နောက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား စစ်ပွဲဖြစ်လာတော့မယ့်ဆဲဆဲ အခြေအနေ ရောက် လာနေပြီလို CNN သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှိမီးယားဘက်အပိုင်း မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ခရီးသွားတွေသေဆုံးခဲ့တာနဲ့ပတ်သက်လို့ အကြမ်းဖက်သမားတွေရဲ့ အခြေခံ အဆောက် အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယက ပြောပါတယ်။

ပါကစ္စတန် စစ်တပ်ရဲ့ ပြောကြားချက်အရ အိန္ဒိယရဲ့တိုက်ခိုက်မှုမှာ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။ ပါကစ္စတန်ဘက်က အမြောက်ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယ နယ်မြေထဲမှာ အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ သိရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အိန္ဒိယရဲ့ ရာဖေးလ် အမျိုးအစား ဂျက်တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့တယ် လို့ ပါကစ္စတန်ဘက်က ကြေညာပါတယ်။ နှစ်နိုင်ငံ တိုက်လေယာဉ်တွေရဲ့ စီးချင်းထိုးမှုဟာ လေကြောင်းတိုက်ပွဲ သမိုင်းမှာ အချိန်အကြာဆုံးနဲ့ အကြီးမားဆုံးဖြစ်ခဲ့တယ်လို့ ပါကစ္စတန် လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။