Hyundai နဲ့ Google ကုမ္ပဏီတို့ ပူးပေါင်းပြီး Android Auto စနစ်ဖွံ့ဖြိုး တိုးတက်ရေး ကို အလေးပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတ ယ်။Android Autoဆိုတာ Google တီထွင်ထားတဲ့ အက်ပ်တစ်ခုဖြစ်ပြီး ကားမောင်းနေစဉ် သတင်းအချက်အလက်ပေးစနစ်မှာ Android ဖုန်း အက်ပ်တွေနဲ့ လုပ်ဆောင်ချက်တွေကို တစ်ပြေးညီ သတင်းအချက်အလက်တွေပေးပို့နိုင်တဲ့ အက်ပ်တစ်ခုဖြစ်ပါတယ်။

Hyundai Motor Group ဟာ Hyundai၊ Kia နဲ့ Genesis မော်တော်ကားတွေရဲ့ မာလ်တီမီဒီယာစနစ်တွေမှာ Google Maps ကို ထည့်သွင်းဖို့အတွက် Google နဲ့ ပူးပေါင်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။Hyundai Motor ထုတ်မော်တော်ကား အမှတ်တံဆိပ်တွေ ကမ္ဘာအနှံ့ မဖြန့်ချိမီ မြောက်အမေရိကမှာရှိတဲ့ Kia မော်ဒယ်တွေမှာ စတင်အသုံးပြုဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Google Maps Platform ရဲ့ API ကိုအသုံးပြုပြီး လမ်းညွှန်မှုနဲ့ သတင်းအချက်အလက်ပေးပို့မှုကို အရှိန် မြှင့်တင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ API ဆိုတာ အလုပ်ချိန်၊ ဆက်သွယ်ဖို့ အချက်အလက်၊ အဆင့်သတ်မှတ်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ နေရာပေါင်း သန်း ၂၅၀ ကျော်အတွက် အသေးစိတ်တည်နေရာကို ဝင်ရောက်ကြည့်ရှုခွင့်ရရှိမှာလည်းဖြစ်ပါတယ်။