ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး ငါးနှစ်အကြာမှာ ဥရောပသမဂ္ဂအဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီး တရားဝင်ဆွေးနွေးမှုတွေလုပ်ဖို့ လန်ဒန်မှာတွေ့ဆုံမယ့်အကြောင်းကို AP သတင်းမှာ ဖော်ပြထားပါတယ်။၂၀၂၀ ပြည့်နှစ်အတွင်းက ဗြိတိန်ဟာ ဥရောပသမဂ္ဂ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ကုန်သွယ်ရေးအဖွဲ့ကနေ တရားဝင် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာနဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌအပါအဝင် ဥရောပထိပ်တန်းအရာရှိ တွေ တက်ရောက်ကြမှာဖြစ်ပြီး သဘောတူညီချက်အသစ်တွေကို နှစ်ဦးနှစ်ဖက် အပြန်အလှန် ချုပ်ဆိုကြမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ ၂၀၂၀ ဥရောပသမဂ္ဂအဖွဲ့က နုတ်ထွက်ပြီးကတည်းက ဥရောပနဲ့ကုန်သွယ်မှု ကျဆင်းသွားတဲ့ အတွက် ကုန်ကျစရိတ်တွေ တိုးလာတာနဲ့ ကြိုးနီစနစ်ဒဏ် ခံရတာတွေ ကြုံခဲ့ရတာပါ။ ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မကြေညာပေမယ့် စတာမာက ဥရောပနဲ့ခိုင်မာတဲ့ ပူးပေါင်းဆောင် ရွက်မှုအတွက် နောက်ထပ်ခြေလှမ်းဖြစ်ပြီး ဗြိတိန်နိုင်ငံအတွက် အကျိုးများကာ မိမိတို့အလုပ်အကိုင်၊ စီးပွားရေးနဲ့ နယ်စပ်ရေးရာတွေအတွက် အကျိုးဖြစ်ထွန်းစေမှာပါလို့ ပြောကြားခဲ့ပါတယ်။