ကာ့စ်ဒေသရှိ ကမ်းခြေတစ်ခုကို ယူကရိန်း မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုကြောင့် ရုရှား စစ်သည်တစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို ရုရှား အာဏာပိုင်တွေက ပြောကြားခဲ့တာကို ကိုးကားပြီး The Guardian သတင်းမှာ ထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံတော် အစောင့်တပ်သားတွေက ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာကနေ လူအများအပြားကို ဘေးလွတ်ရာကို အမြန်ဆုံး ကယ်ထုတ်ပေးခဲ့ရတယ်လို ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ကင်းထိန်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် ကာ့စ်ဒေသမှာရှိတဲ့ ဆေးရုံတစ်ရုံကို ယူကရိန်းဒရုန်းတစ်စီးက ဝင်တိုက်ခဲ့ရာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးဆေးရုံလည်း မီးလောင် ပျက်စီးခဲ့တယ်လို သိရပါတယ်။

စစ်ပွဲတစ်လျှောက်လုံးမှာ ယူကရိန်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရှားပါးပေမယ့် ရုရှားနိုင်ငံအတွင်း ယူကရိန်း တိုက်ခိုက်မှုတွေက စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေ၊ အမှုထမ်းတွေ ၊ လောင်စာဆီသိုလှောင်ရုံတွေနဲ့ မဟာဗျူဟာကျတဲ့ အမျိုးသားရေးအခြေခံအဆောက်အအုံတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်။




