ကနေဒါနိုင်ငံဟာ နိုင်ငံတကာကျောင်းသားတွေအတွက် ငွေကြေးပိုင်ဆိုင်မှု လိုအပ်ချက်ကို ကနေဒါဒေါ်လာ ၂၂၆၃၅ ဒေါ်လာကနေ ၂၂၈၉၅ ဒေါ်လာအထိ ၁၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး အဲဒီတိုးမြှင့်မှုက ကျောင်းသား တစ်ယောက် နေထိုင်မှုစရိတ် လိုအပ်ချက် အနည်းဆုံးလို့ သတ်မှတ်ထားတဲ့ ကွိဘက်ပြည်နယ်ကလွဲပြီး ပြည်နယ် တွေနဲ့ ဒေသကြီးတွေအားလုံးကို သက်ရောက်မှာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလကစပြီး ပညာသင်ခွင့် လျှောက်ထားမယ့် နိုင်ငံတကာကျောင်းသားတွေကို အဲဒီတိုးမြှင့်မှု သက်ရောက်မှာပါ။ကျောင်းသားတွေက ဘဏ်ရှင်းတမ်းခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှု သက်သေခံ၊ ငွေကြေး ထောက်ပံ့သူရဲ့ ထောက်ခံစာ ဒါမှမဟုတ် ပညာသင်ဆု ရရှိတဲ့ အထောက်အထား အပါအဝင် ငွေကြေးအရင်းအမြစ် ကိုဖော်ပြတဲ့ အထောက်အထားတွေ ပေးအပ်ရမှာ ဖြစ်ပါတယ်။နိုင်ငံတကာကျောင်းသားအရေအတွက် တစ်ဟုန်ထိုး များပြားလာတာကြောင့် ကနေဒါရဲ့ အိမ်ရာဈေးကွက်နဲ့ အိမ်ရာဝန်ဆောင်မှုတွေ ကမောက်ကမ ဖြစ်တာကို ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး အခုလို တိုးမြှင့်သတ်မှတ်တာ ဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနေဒါမှာ လက်ရှိဗီယက်နမ်ကျောင်းသားဦးရေ ၁၇၀၀၀ ကျော် ရှိပြီး ကနေဒါကို ကျောင်းသားစေလွှတ်တဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်က နံပါတ် ၈ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။နေထိုင်မှုကုန်ကျစရိတ်သတ်မှတ်ချက်အသစ်အရ ကနေဒါမှာ ပညာသင်တဲ့ နှစ်စဉ်စရိတ်က ကနေဒါဒေါ်လာ ၃၈၀၀၀ ကနေ ကနေဒါဒေါ်လာ ၅၀၀၀၀ ကြား ကုန်ကျမှာ ဖြစ်ပါတယ်။




