ထရမ့်ရဲ့ ငြိမ်းချမ်းရေး တွန်းအားပေးမှု ရှိနေပေမယ့် ပူတင် – ဇယ်လန်စကီး ထိပ်သီး အစည်းအဝေးကို စီစဉ်ထားခြင်းမရှိဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ဆာဂေ လက်ဗ်ရိုဗ် က ပြောပါတယ်။NBC News နဲ့ သီးသန့်အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ယူကရိန်းခေါင်းဆောင် ဟာ ထရမ့် အဆိုပြုထားတဲ့ သဘောတူညီမှု အတွက် စည်းကမ်းချက်တွေကို ပယ်ချခဲ့တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောလိုက်တာပါ။

သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးတို့ အကြား တွေ့ဆုံဖို့ စီစဉ်ထားခြင်း မရှိသေးကြောင်း ပြောကြားလိုက်တဲ့ အတွက် စစ်ပွဲအဆုံးသတ်ရေး သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ပူတင် ဇယ်လန်စကီး နှစ်ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး တွန်းအားပေးမှု အပေါ် သံသယ အသစ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာဂေလဗ်ရို့ဗ် က ထိပ်သီးအစည်း အဝေး အတွက် အစီအစဉ် အဆင်သင့်ဖြစ်တဲ့အခါ ပူတင်ဟာ ဇယ်လန်စကီးနဲ့ တွေ့ဆုံဖို့ အသင့်ပါပဲ၊ ဒါပေမယ့် အခုက လုံးဝ အဆင်သင့် မဖြစ်သေး ပါဘူးလို့ ပြောပါတယ်။

ထရမ့် ပူတင် အလက်စကာ ထိပ်သီးတွေ့ဆုံခဲ့ပြီး၊ ဇယ်လန်စကီး နဲ့ ဥရောပ ခေါင်းဆောင်တွေ ဝါရှင်တန်မှာ ဆွေးနွေးပြီးနောက် အိမ်ဖြူတော်က ရုရှား ယူကရိန်း ထိပ်သီးအစည်းအဝေး ကျင်းပဖို့ နေရာနဲ့ ရက်စွဲကို သတ်မှတ်ဖို့ လုပ်ဆောင် နေခဲ့တာလို့ ပြောကြားခဲ့တာပါ။ဒါပေမယ့်လည်း ရုရှားဘက်က ပူတင်-ဇယ်လန်စကီး တိုက်ရိုက် တွေ့ဆုံမှု အတွက် အလျင်စလို မရှိကြောင်း အရိပ်အမြွက်ပြခဲ့ပြီဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲမှာ သမ္မတဘက်က အစီအစဉ်တစ်ခု အမှန်တကယ် ရှိလာမယ် ဆိုရင် တွေ့ဆုံဖို့ အဆင်သင့်ဖြစ်ပြီလို့ သမ္မတ ပူတင်ကရှင်းရှင်းလင်း လင်း ပြောကြားထားတယ်လို့ လက်ဗ်ရို့ဗ် က ပြောပါတယ်။ငြိမ်းချမ်းရေးသဘောတူညီချက်ဆီ တိုးတက်မှုကို ယူကရိန်း ကသာ တားဆီး နေကြောင်း သူက အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။



