ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမဲ့ဖေဖေါ်ဝါရီလအတွင်းမှာ သက်တမ်းကုန်ဆုံးတော့မဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များဆိုင်ရာ ကန့်သတ်ချက်တွေကို သက်တမ်းတစ်နှစ်တိုးပေးဖို့ ပြောကြားလာတာကို Reuters သတင်းမှာ ပါရှိပါတယ်။ပူတင်ရဲ့တောင်းဆိုချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။

အဲဒီသဘောတူညီချက်က အမေရိကန်-ရုရှား မဟာဗျူဟာမြောက် နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ နောက်ဆုံးသဘောတူညီချက် ဖြစ်ပါတယ်။ ပူတင်နဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့က ၂၀၂၁ ခုနှစ် ကတည်းက အကောင်အထည်ဖော်ဖို့ နျူကလီးယားလက်နက်များဆိုင်ရာ ကန့်သတ်ချက်တွေကို ၅ နှစ်သက်တမ်း တိုးဖို့ စီစဉ်ထားတာ ဆိုပါတယ်။ရုရှားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူတာတွေ ချမှတ်ဖို့အတွက် ယူကရိန်းက ထရမ့်ကို စည်းရုံးကြိုးပမ်း နေစဉ်မှာ ရုရှားသမ္မတက အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။




