အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည် ကို စမ်းသပ်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ရုရှားဘက်က ပြောကြားလာပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင်ပါက ရုရှားဘက်က စေ့စပ်ညှိနှိုင်းရေး စွမ်းအားကို မြှင့်တင်ဖို့ အတွက် ခရုဇ်ဒုံးကျည်ကို အသုံးပြုနိုင်တယ်လို့ ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်တာပါ။ရုရှားဟာ 9M730 Burevestnik ခရုဇ်ဒုံးကျည်ကို စမ်းသပ်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ Reuters သတင်းဌာနက ရေးသားထားပါတယ်။Burevestnik အတွက် စမ်းသပ်မှုကို Novaya Zemlya ကျွန်းစုရှိ Pankovo စမ်းသပ်နေရာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် သုတေသီ နှစ်ဦးကပြောကြားထားပါတယ်။

“ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က ဒုံးပျံက အကောင်အထည်ဖော်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေကို အတည်ပြုဖို့ပါပဲ” လို့ ရုရှားဘက်က ပြောကြားထားပါတယ်။အစောပိုင်းတုန်းက အဆိုပါလက်နက်ကို ဒုံးကျည်ကာကွယ်ရေးအတွက် တွန်းလှန်နိုင်တဲ့ လက်နက်အဖြစ် ပူတင်က ပြောဆိုခဲ့ပြီး လက်နက်မှာ အကန့်အသတ်မရှိ အကွာအဝေးရှိသလို ခန့်မှန်းလို့မရတဲ့ ပျံသန်းမှုလမ်းကြောင်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။