ရုရှားသမ္မတပူတင်က မေလ ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်ကြာ ဒုတိယမြောက် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနဲ့ မဟာမိတ်တွေအကြား အောင်မြင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလမှာ သုံးရက်ကြာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တာပါ။

နာဇီဂျာမနီကို အောင်ပွဲခံခဲ့တဲ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ခမ်းနားတဲ့ အခမ်းအနားတွေ ကျင်းပမယ့် မေလ ၈ ရက်ကနေ ၁၀ ရက်အထိ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲသွားမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က တရုတ် သမ္မတ ရှီကျင့်ဖျင် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကို ပြောပါတယ်။အကြောင်းတစ်ခုခုကြောင့် လူတိုင်းဟာ မေလ ၈ ရက်ကို စောင့်ရမှာဖြစ်ပြီး အဲဒီချီတက်ပွဲအတွင်း ပူတင်အတွက် ငြိမ်သက်မှုရှိစေမဲ့ အပစ်အခတ်ရပ်စဲရေးရမှာပါလို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဗီဒီယိုမိန့်ခွန်း တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဲဒီကာလဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီဂျာမနီအပေါ် ဆိုဗီယက်ယူနီယံ အောင်နိုင်ခဲ့တဲ့ အနှစ်(၈၀)ပြည့် မြောက် နှစ်ပတ်လည် အခါသမယလည်း ဖြစ်ပါတယ်။ အဲဒီ ရက်တွေမှာဆိုရင် ဆိုဗီယက်ခေတ်ကနေ အခု အချိန်ထိ ရုရှားနိုင်ငံထဲမှာ အောင်ပွဲအထိမ်းအမှတ် အခမ်းအနားတွေ အကြီးအကျယ် ပြုလုပ်လေ့ ရှိပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး သဘောတူမှု ထွက်လာအောင် ကြားဝင် ဆောင်ရွက်ပေးနေတဲ့ သူ့အနေနဲ့ အမြဲတမ်းသဘောသက်ဝင်မယ့် အပစ်ရပ်တာမျိုးကို တွေ့မြင်ချင် တယ်လို့ ပြောဆိုထားပါတယ်။