ကနေဒါနိုင်ငံ အနောက်ပိုင်းမှာကျင်းပတဲ့ ဖိလစ်ပိုင်လူထုပွဲတော်မှာ လူအုပ်ထဲ SUV ကားတစ်စီး ဝင်တိုက်မိတာ ကြောင့် အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ကြောင်း ဧပြီလ ၂၇ ရက်က Reuters သတင်းမှာ ထုတ်ပြန်ထားပါ တယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့တဲ့အပြင် လူအများအပြားလည်း ဒဏ်ရာရခဲ့ပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာ သံသယရှိသူလို့ ယူဆ ရတဲ့ အသက် ၃၀ အရွယ် မြို့ခံတစ်ယောက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဧပြီလ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရက်တွေအတွင်းမှာလည်း သေဆုံးသူဦးရေထပ် တိုးလာနိုင်တယ် လို့ သတိပေးထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အာဏာပိုင်တွေက ထောက်ပံ့ရေး ဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့အတွက် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးတာတွေမှာ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ကနေဒါ ဖက်ဒရယ် ရွေးကောက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ အဲဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကနေဒါဝန်ကြီးချုပ် Mark Carney ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဖြစ်ရပ်ကြောင့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ နှောင့်နှေးခဲ့ရသလို ဒါဟာ ကနေဒါအတွက် အမှောင်ဖုံးတဲ့ နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။