တရုတ်နိုင်ငံ၊ ဟိုင်နယ်ပြည်နယ်ရှိ ဟိုင်နန်လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်းမှာ သီးခြားလွတ်လပ်တဲ့ အကောက်ခွန်ဆောင်ရွက်မှုတွေကို အခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ တရားဝင် စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဟိုင်နန်ပြည်နယ်ကော်မတီ အမြဲတမ်း ကော်မတီဝင်၊ ပြန်ကြား ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ပင်းက ပြောပါတယ်။

မြန်မာမီဒီယာတွေအပါအဝင် ပြည်ပမီဒီယာတွေ တက်ရောက်တဲ့ China Walk ဟိုင်နန်ခရီးစဉ် ပြည်တွင်းပြည်ပ မီဒီယာများပူးတွဲသတင်းရယူခြင်းနှင့် အာဆီယံမိတ်ဖက်မီဒီယာနှီးနှောဖလှယ်ပွဲအခမ်းအနားမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။ဒါဟာ ဟိုင်နန်လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်းတည်ဆောက်မှုရဲ့အထင်ကရစီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် သမိုင်းမှတ်ကျောက်တင် အထိမ်းအမှတ်ဖြစ်သလို အကာအကွယ်ပေးရေးမူဝါဒ၊ အရည်အသွေးမြင့် တံခါးဖွင့် အစီအမံတွေ ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ကမ္ဘာကိုချပြတာဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

China Media Group ရဲ့အာရှ-အာဖရိကဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စကျန်းဟွေးကလည်း စန်းယ ဗဟို စီးပွားရေးဇုန်ဟာ လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်းရဲ့ အဓိက Carrier အနေနဲ့ တစ်ကမ္ဘာလုံး ထိပ်တန်း လုပ်ငန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင်ထဲက ကုမ္ပဏီ ၃၂ ခုနဲ့ဖွဲ့စည်းထားပြီး အရင်နှစ်က တစ်နှစ်ထဲမှာတင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၃၈ သန်းကို လက်တွေ့အသုံးပြုခဲ့တယ်လို့လည်း အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။လက်ရှိ ပြုလုပ်နေတဲ့ ၂၀၂၅ ခုနှစ် China Walk ဟိုင်နန်ခရီးစဉ်ကို ဩဂုတ် ၁၇ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာမီဒီယာတွေအပါအဝင် ပြည်ပမီဒီယာတွေ လိုက်ပါသတင်းရယူနေတာ ဖြစ်ပါတယ်။



