ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၅ ရက်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အဆင်ပြေပြေဖုန်းပြောခဲ့ရတယ်လို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း The Straits Timeသတင်းမှာဖော်ပြထားပါတယ်။ဒါ့အပြင်သူတိုနှစ်ဦးရဲ့သက်ဆိုင်ရာနိုင်ငံအသီးသီးကိုလာလည်ဖို အချင်းချင်းဖိတ်ခေါ်ခဲ့တယ်လိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဖုန်းခေါ်ဆိုမှုက ခန့်မှန်းခြေ ၁ နာရီခွဲကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံလုံးအတွက် အပြုသဘောဆောင်တဲ့ရလဒ်ရခဲ့တယ်လိုထရမ့်က Truth Social မှာပြောကြားထားတဲ့အပြင် အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးအဖွဲတွေ မကြာခင်မှာအစည်းအဝေးအသစ်တစ်ခုကျင်းပသွားဖိုရှိကြောင်း ပြောကြားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုအတွင်း ကုန်သွယ်ရေးကိစ္စတွေအကြောင်းပဲ အဓိကဆွေးနွေးသွားခဲ့ပြီး ရုရှား-ယူကရိန်းကိစ္စ၊ အီရန်ကိစ္စတွေ ဆွေးနွေးသွားခဲ့တာ မရှိဘူးလို သိရပါတယ်။

အဲဒိဖုန်းခေါ်ဆိုမှုဟာ ထရမ့် သမ္မတတာဝန်ထမ်းဆောင်ချိန်ကတည်းက ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံး လူသိရှင်ကြားတရားဝင်ဆက်သွယ်မှု ဖြစ်ပါတယ်။အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးခေါင်းဆောင်တွေဟာ ပိုကျယ်ပြန့်တဲ့ သဘောတူညီမှုရယူဖိုကြိုးစားတဲ့အနေနဲ့ မေလတုန်းကလည်း ဂျီနီဗာမှာ စည်းကြပ်ခွန်ကို ရက်ပေါင်း ၉၀ လျှော့ချဖိုသဘောတူထားကြတာဖြစ်ပါတယ်။