တရုတ်နိုင်ငံက ရေအောက်ဂေဟစနစ်တွေရဲ့ အရည်အသွေးကိုတိုးမြှင့်ဖို့ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ မြစ်တွေနဲ့ကန်တွေကို ကာကွယ်ပြီး လှပအောင်ဖန်တီးမဲ့အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြပါတယ်။အဲ့ဒီအစီအစဉ်ကို သဘာဝပတ်ဝန်းကျင်နဲ့ဂေဟစနစ်ဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေက ပူးတွဲပြီး ထုတ်ပြန်ခဲ့တာပါ။

၂၀၃၀ ပြည့်နှစ်မှာ သာယာလှပတဲ့ မြစ်တွေ ကန်တွေ ဖန်တီးမဲ့စီမံကိန်းမှာ သိသာတဲ့ တိုးတက်မှုတွေရှိပြီး ၂၀၃၅ ခုနှစ်မှာ ပဏာမခြေလှမ်းကို ပြီးစီးလုပ်ကိုင်နိုင်ဖို့ ရည်မှန်းထားကြောင်း ဖော်ပြထားပါတယ်။တရားဝင်သတ်မှတ်ထားတဲ့ သိပ္ပံအခြေခံ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး၊ ရေအရင်းအမြစ်တွေ ရေအောက်ပတ်ဝန်းကျင်နဲ့ ရေဂေဟစနစ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အချိတ်အဆက်မိစေဖို့နဲ့ ရေအောက်ဂေဟစနစ်တွေရဲ့အခြေအနေတွေကို တိုးတက်အောင်ပြုလုပ်ရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။

အစီအစဉ်အရ ၂၀၂၇ အရောက်မှာ ယန်ဇီမြစ်ဝှမ်းက ရေအောက်ဇီဝဗေဒအခြေအနေတွေ တိုးတက်လာဖို့မျှော်မှန်းထားပြီး မြစ်ဝါမြစ်ဝှမ်းက ရေအောက်အပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေ နည်းပါးလာမှုကို ထိန်းချုပ်လာနိုင်ကာ ဂေဟဗေဒဆိုင်ရာ ကာကွယ်မှုလုပ်ငန်းတွေ အခြေခိုင်သွားမယ်လို့ သိရပါတယ်။ရေအောက်ဂေဟစနစ်ပတ်ဝန်းကျင်ကို သိပ္ပံနဲ့ နည်းပညာဆိုင်ရာအထောက်အပံ့တွေနဲ့ အားဖြည့်ပေးဖို့ အစီအစဉ်က လှုံ့ဆော်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။