အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ အခုသီတင်းပတ်အတွင်း ဆွေးနွေးဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂ ရက်မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း ဖော်ပြချက်အရ သိရပါ တယ်။ ဒါဟာ စည်းကြပ်ခွန်တွေနဲ့ ကုန်သွန်ရေးကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ သဘောတူညီချက်ကို ချိုးဖောက် တယ်လို့ ထရမ့်က တရုတ်ကိုစွပ်စွဲပြီး ရက်ပိုင်းအကြာမှာ ပြောဆိုလာခဲ့တာပါ။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း အရေးပါတဲ့တွင်းထွက်တွေကိစ္စ အငြင်းပွားမှုနဲ့ တခြား တွင်းထွက်တွေ တင်ပို့မှုကို တရုတ်ဘက်က ကန့်သတ်ထားတဲ့ကိစ္စအပါအဝင် ကုန်သွယ်ရေးပြဿနာတွေကို ဖြေရှင်း ဖို့ ထရမ့်နဲ့ ရှီတို့ မကြာခင် စကားပြောသွားမယ်လို့ ဇွန်လ ၁ ရက်က တီဗွီအစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ဘက်ဆန့်ဦးဆောင်မှုနဲ့ ဂျီနီဗာမှာ တရုတ်နဲ့ ဆွေးနွေးပွဲတွေအပြီးမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ် ယာယီ ပြေလည်မှုရခဲ့ပေမယ့် အဲဒီကတည်းက တိုးတက်မှု နှေးကွေးနေတာဖြစ်ပါတယ်။

ထရမ့်က ရှီနဲ့သေချာပေါက်စကားပြောရမယ်လို့ မေလ ၃၀ ရက်က ပြောကြားထားပြီး တရုတ်ဘက်ကတော့ ခေါင်းဆောင်နှစ်ယောက် လတ်တလောစကားပြောဆိုထားတာ မရှိသေးဘူးလို့ ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။ ဂဏန်းသုံးလုံးစာ စည်းကြပ်ခွန်ကို ရက်ပေါင်း ၉၀ လျှော့ချမယ်ဆိုတဲ့ အမေရိကန်နဲ့တရုတ်ကြားက သဘောတူညီ ချက်ကြောင့် ကမ္ဘာ့စတော့ရှယ်ယာတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။